1.The Opening

  1. အရာခပ်သိမ်းအပေါ် အစဉ် ကရုဏာထားတော်မူသော အနန္တကရုဏာရှင်၊ အားလုံးအပေါ်မပြတ်မစဲ သနားညှာတာတော်မူသော အကြင်နာရှင်၊ (ဖြစ်တော်မူသည့်) အလ္လာဟ်အရှင်မြတ်၏ဂုဏ်တော်၊ နာမတော်ဖြင့်။
  2. (ကမ္ဘာဦးမှစ၍ တမလွန်ဘဝအထိ မည်သူမဆိုဖြစ်စေ၊ မည်သည့်နည်းဖြင့်ဖြစ်စေ၊ မည်သူ့ကိုပင်ဖြစ်စေ၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ၊ ချီးမွမ်းနိုင်ခြင်းနှင့်ကျေးဇူးတင် နိုင်ခြင်းသည် ထိုကျေးဇူးပြုသူနှင့်ကျေးဇူးတင်သူနှစ်ဦးစလုံးကို အရှင်မြတ်သာ ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူခဲ့သောကြောင့်) ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်း ဟူသမျှတို့သည် (သက်ရှိသက်မဲ့တို့အတွက် ဖွဲ့စည်းတည်ဆောက်မှုနှင့်ဖွံ့ဖြိုးမှုစနစ်များ ဖြစ်ပေါ်စေတော်မူလျက်) စကြဝဠာများနှင့်လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေ၍ ဖွံ့ဖြိုးစေတော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်၏။
  3. (ထိုအရှင်သည်) အရာခပ်သိမ်းအပေါ် အစဉ် ကရုဏာထားတော်မူသော အနန္တကရုဏာရှင်၊ အားလုံးအပေါ် မပြတ်မစဲ သနားညှာတာတော်မူသော အကြင်နာရှင် (ဖြစ်တော်မူ၏။)
  4. (ထိုအရှင်သည် ကောင်းကျိုး၊ ဆိုးကျိုးအတွက် အစားပေးမည့် တမလွန်ဘဝ) တရားစီရင်တော်မည့်နေ့၏အရှင်သခင် ဖြစ်တော်မူ၏။
  5. ကျွန်ုပ်တို့သည် (ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသော) အသင်အရှင်မြတ်ကိုသာလျှင် နာခံကိုးကွယ်ကြပြီး အသင်အရှင်မြတ်၏ကူညီစောင်မမှုကိုသာလျှင် မျှော်ကိုး တောင်းခံပါ၏။
  6. (အို ၊ အလ္လာဟ်အရှင်မြတ်) ကျွန်ုပ်တို့အား (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံတည်တံ့စေမည့် တရားလမ်းမှန်ကို ညွှန်ပြတော်မူပါ။ (အရှင့်လမ်းစဉ်တော်အတိုင်းသာ လျှောက်လမ်းစေတော်မူပါ။)
  7. ထိုလမ်းစဉ်သည် အရှင်မြတ်၏ (မေတ္တာ၊ ကရုဏာ၊ သုခချမ်းသာတို့ဖြင့်) ဂုဏ်ပေးခြင်းခံရသော သူတို့၏လမ်းစဉ်ဖြစ်၍ အရှင့်အမျက်တော် (ပြစ်ဒဏ်နှင့်ပြစ်တင်ရှံ့ချမှု) စူးရှခြင်းခံရသူများနှင့်လမ်းမှားသူတို့၏အဖြစ်မှ ကင်းဝေးစေတော်မူလိုပါ၏။ (အာမိန်းလက်ခံတော်မူပါစေ)။