114.Mankind

  1. (အို၊ ရစူလ်တမန်တော် အသင်သည်) လျှောက်ထားပန်ကြားလော့။ ကျွန်တော်မျိုးသည် လူသားတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်၌ (အကာအကွယ်ရယူရန်) ခိုလှုံပါပါ၏။
  2. လူသာတို့၏ဘုရင်မင်းမြတ်ဖြစ်တော်မူ (၍ အချုပ်အခြာအာဏာအလုံးစုံကို စိုးပိုင်တော်မူ) သောအရှင်မြတ်ထံတော်၌။
  3. လူခပ်သိမ်းတို့၏ယုံကြည်ကိုးကွယ်ရာဖြစ်တော်မူသောအရှင်မြတ်ထံတော်၌။
  4. (လူ့ဘောင်အဖွဲ့အစည်းကို ဆုတ်ယုတ်ဖျက်ဆီးစေသည့်) တီးတိုးပြောဆိုမှုဖြင့် တို့ထောင်တတ်သူတို့၏မကောင်းမှု (ဆိုင်ရာ အကြံအစည်များ၊ သွေးတိုးလှုံ့ဆော်မှုများ၏ဘေးအန္တရာယ်) မှ (ခိုလှုံပါ၏)။
  5. ထိုတီးတိုးပြောဆိုမှုဖြင့် တို့ထောင်သူသည် လူတို့၏စိတ်နှလုံးတွင်းသို့ (မကောင်းသောအကြံအစည်များ၊ သွေးတိုးလှုံ့ဆော်မှုများ) ကို တီးတိုးပြောခြင်းဖြင့် ထည့်သွင်းလေ့ရှိ၏။
  6. (ထိုတီးတိုးပြောဆိုမှုဖြင့် တို့ထောင်သူတို့သည်) ဂျင်န်နှင့်လူသားတို့အနက်မှ ပင်ဖြစ်ကြ၏။